by အဝေး / Away
မြေဆိုတိုင်းအိမ်မဟုတ်ပါ
မြင်သမျှဟာလှည့်ကွက်မျိုးစုံပရိယာယ်လိုတံလျှပ်လို
အာဏာဆိုတဲ့အချုပ်ထဲမှာ
တည်ငြိမ်မှုဆိုတာမျက်လှည့်လိုမှော်ပညာလိုကျိန်စာလို
ကိုယ်ရောစိတ်ပါ
တဖြည်းဖြည်းညှိုးနွမ်းတာကိုရှင်သန်မှုလို့ခေါ်လို့ရသေးလား။
နံရံလေးဖက်ရှိလို့အိမ်မဖြစ်ပါ
နံရံဆိုတာငါတို့ကိုဖယ်ထုတ်နိုင်သလိုငါတို့ကိုအကျဉ်းချုပ်ထားနိုင်သလို
အဝင်မရှိအထွက်မရှိ
ငါတို့ဒီနံရံတွေကိုဖြိုခွဲပြီးတစ်ကာလ
ပြန်ဆောက်တဲ့အိမ်ဟာ
အာဏာရှင်ရဲ့အကျဉ်းထောင်သဏ္ဍာန်အတိုင်းဆောက်မိကြမှာလား။
အမိုးရှိတိုင်းအိမ်မဖြစ်ပါ
နံရံတွေပြိုရင်ခေါင်မိုးလည်းပြိုပြီး
သူ့ဖိဆီးမှုအောက်မှာဖိနှိပ်ခံရမှာဘဲ
တစ်ယောက်ထဲလွတ်နေတာကို
လွတ်မြောက်ခြင်းခေါ်လို့မရပါဘူး
လွတ်လပ်ရေးဆိုပြီးငါတို့ကြွေးကြော်နေပေမဲ့
ငါတို့ကြားထဲအဓိပ္ပါယ်အသုံးအနှုံးတူရဲ့လား။
မြေဆိုတိုင်းအိမ်မဟုတ်ပါ
တစ်ခုခုရှင်သန်ကြီးထွားဖို့ဆိုတာပြုစုပြိုးထောင်မှ
မြေနဲ့ရေနဲ့နေနဲ့သွေးနဲ့ခြွေးနဲ့မျက်ရေနဲ့
လွတ်လပ်ရေးဟာငါတို့ကိုပြန်ပြီးပြုစုပြိုးထောင်ပေးနေတာ
ငါတို့အရေးတော်ပုံရဲ့အနွယ်အခက်တွေဟာ
ငါတို့လွတ်မြောက်ရှင်သန်အောင်လမ်းထွင်းပေးသွားမှာပါ။
How to build a home
The land is not a home
all seems like an illusion, a sleight of hand, a mirage
under tyranny’s chokehold
peace is a trickery of the cursed
body and soul
is slowly withering still survival?
Four walls do not make a home
for walls keep us out or keep us in
no way out no way in
when we break down these walls
and we build our home
will we end up using the same blueprints as tyranny’s prison?
A roof does not make a home
when the walls fall so does the ceiling
crushing heads under its imposition
just because one is free
does not mean freedom
are we dreaming of the same liberation?
The land is not a home
for something to grow, we nourish
with soil, water, sun, blood, sweat, tears
let liberation nourish us
the vines of our revolution will
carve a way for us to grow free.
About the poet
Away is the pen name of a reader, writer, and learner who grew up in Yangon, Myanmar. They are currently located in the United States on the traditional and unceded territory of the Tongva people. Their commitments include community building and transnational human rights.
Comments