top of page

Aruna Global South & Myanmar Photo Archive call for special publication series

အလင်းပေါက်များမှတဆင့်

Through the Light Holes

အာရုဏနှင့် မြန်မာ့ဓါတ်ပုံမော်ကွန်းတို့က ပူးပေါင်းပြီး မြန်မာ့ဓါတ်ပုံဟောင်းများကို အခြေခံပြီး လူထုအတွေးအခေါ် အ‌ရေးအသားများကို ဖိတ်ခေါ်လိုက်ပါသည်။ စာရေးသူ၊ ကဗျာရေးသူ၊ ပညာရှင်များ၊ မော်ကွန်းသုတေသနပညာရှင်များ၊ အနုပညာရှင်များနှင့် မြန်မာပြည်အကြောင်း စိတ်ဝင်စားသူများနှင့် မြန်မာပြည်နှင့် ပတ်သက်ဆက်နွယ်နေသူများ မည်သူမဆို အကြောင်းအရာအလိုက် စုစည်းထားသော မြန်မာဓါတ်ပုံဟောင်းများအပေါ် တွေးမြင်ခံစားချက်များကို မိမိကြိုက်နှစ်သက်ရာ မီဒီယန်၊ နည်းလမ်းများအလိုက် တွေးခေါ်သုံးသပ်ပေးရန် ဖိတ်ခေါ်လိုက်ပါသည်။ ဤတွေးခေါ်ချက်များသည် ပညာရှင်ဆန်ကောင်း ဆန်နိူင်သလို ကိုယ်တွေ့ အတွေ့အကြုံများပေါ်မှာလည်း မူတည်နိူင်ပါသည်။ 

 

အတွေးအခေါ်များကို စတင်ရန် လွယ်ကူစေကြောင်း ဓါတ်ပုံများနှင့်တကွ မေးခွန်းအချို့ကိုပါ ထည့်သွင်းပေးထားသော်လည်း ဤမေးခွန်းများကိုသာ သုံးသပ်စေရမည် မဟုတ်ပါ။ မိမိ ကြိုက်နှစ်သက်ရာ၊ စိတ်ဝင်စားရာများကို မိမိစိတ်ဝင်စားရာ ခေါင်းစဥ်အလိုက် ဖြန့်ကျက်စဥ်းစားစေလိုပါသည်။ 

Aruna Global South partnering with Myanmar Photo Archive calls for public reflections on a series of photographs in the Myanmar Photo Archive. Writers, poets, scholars, archivists, artists, thinkers with interests in and kinship to Myanmar are welcome to think alongside and beyond a series of images and produce a reflection in a medium and method of their choice (such as film, poetry, sound, photography, and more). Reflections can be scholarly and/or personal.

 

A series of prompt questions are provided to give the contributors a starting point. They are by no means the only answers that we are looking for. We strongly encourage the contributors to use the photographs and prompts as a jumping point to engage with and reflect on each theme. 

 

အတွေးအခေါ် လက်ခံခြင်း အစီအစဥ်

Submission Process

 

အတွေးအခေါ် အရေးအသားများကို အောက်ပါ အချိန်ကာလအလိုက် လက်ခံသွားမှာ ဖြစ်ပြီး စာမူများကို ၂ မျက်နှာထက်မပိုဘဲ ပေးပို့ရန် ပန်ကြားလိုပါသည်။ စာမူများကို မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ (အခြားသော တိုင်းရင်းသားဘာသာ စကားများနှင့် ဖြစ်စေ) ရေးသားပေးပို့နိူင်ပါသည်။ (မည်သည့်တိုင်းရင်းသားဘာသာစကားနဲ့ ရေးသည်ကို အတွေးအခေါ်မူကြမ်းထဲမှာ ဖော်ပြပေးပါရန်။) အရေးအသားမဟုတ်သော အခြားသော မီဒီယန်၊ နည်းလမ်းများနှင့်လည်း တွေးခေါ်ချက်များကို ပေးပို့နိူင်ပါသည်။ နာမည်တု (သို့) ကလောင်နာမည်များကို အသုံးပြုနိူင်ပါသည်။ အခြားသော ပေးပို့ချက် guidelines များကို Aruna Guidelines မှ ဝင်ရောက်ကြည့်ရှုနိူင်ပါသည်။ အတွေးအခေါ်ပေးပို့ချက်များကို ထုတ်ဝေခွင့်ရသူများကို ဉာဏ်ပူဇော်ခ အမေရိကန်ဒေါ်လာ ၁၀၀ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါသည်။ 

Submissions will be accepted according to the timeline below. Written submissions are capped at no more than 2 pages and can be either in Burmese or in English or in any other languages of Myanmar. Any other creative media and method of reflections are strongly welcomed. Pseudonyms can be used. For additional submission guidelines, please follow Aruna’s submission guidelines. Each contributor will be compensated for USD 100 for their reflections. 

 

စိတ်ဝင်စားပါက အရင်ဆုံး သင့်ရဲ့ အတွေးအခေါ်မူကြမ်း (တစ်မျက်နှာအောက်)ကို arunaglobalsouth@gmail.com နှင့် mpa@myanmarphotoarchive.org email နှစ်ခုလုံးဆီသို့ ဂျူလိုင်လ ၁၅ ရက် (note: deadline extended) နောက်ဆုံးထားပြီး ပေးပို့ပေးပါ။ သင့်ရဲ့ မူကြမ်းထဲတွင် အောက်ပါအချက်အလက်များကို ရှင်းလင်းစွာဖော်ပြပေးပါ။ 

 

  • မည်သည့်အကြောင်းအရာကို တိုက်ရိုက် သုံးသပ်ထားကြောင်း (အကြောင်းအရာ တစ်ခုထက်ပိုပြီးလည်း ချိတ်ဆက်နိူင်ပါသည်။) 

  • မိမိ ‌ရွေးချယ်ထားသော အကြောင်းအရာနှင့် ပတ်သက်ပြီး အဓိက ပြောချင်သော အတွေးအခေါ် 

  • မည်သည့် ဘာသာစကားကို အသုံးပြုထားကြောင်း

  • မည်သည့်ပုံစံနှင့် အတွေးအခေါ်ကို တင်သွင်းလိုကြောင်း (အရေးအသား (သို့) အခြားသော ပုံစံများ) 

  • ပေးပို့သူ၏ ကိုယ်ရေးအကျဥ်း (နာမည်တုနှင့်လည်း ပေးပို့နိူင်ပါသည်။) 

 

Contributors are required to submit a pitch, no more than one page, before submitting the completed reflections latest by July 15th 2022 (note: deadline extended) to arunaglobalsouth@gmail.com AND mpa@myanmarphotoarchive.org. In your pitch, please clearly indicate the following information: 

 

  • The theme(s) you are engaging with (you are welcome to engage with more than one theme)

  • Main argument or point about the chosen theme(s) in your reflection

  • The language you are using (if it’s written format)

  • The format and medium of your reflection (either written or other modes)

  • A brief bio of yourself (pseudonyms are welcome)

 

အချိန်ကာလ

Timeline

 

ဂျူလိုင်လ ၁၅ ရက် ၂၀၂၂ (note: deadline extended) - အာရုဏနှင့် မြန်မာ့ဓါတ်ပုံမော်ကွန်းမှ pitch များ လက်ခံခြင်း

ဂျူလိုင် - သြဂုတ်လ ၂၀၂၂ - pitch များ လက်ခံကြောင်း (သို့) ငြင်းပယ်ကြောင်း ပြန်စာပေးခြင်း

သြဂုတ် - စက်တင်ဘာ ၂၀၂၂ - စာမူလက်ခံခံရသူများမှ ၄င်းတို့၏ အတွေးအခေါ်ရေးသားချက်များကို အပြီးသတ်ပြင်ဆင်ခြင်း

အောက်တိုဘာ - နိုဝင်ဘာ ၂၀၂၂ - အတွေးအခေါ် ရေးသားချက်များ ထုတ်ပြန်ခြင်း

By June 30th 2022 - Aruna and MPA receive the pitches.

July - Aug 2022 - Communication with potential contributors on acceptance or rejection of their pitches.

Aug - Sept 2022 - Contributors work on completing their reflections.

Oct - Nov 2022 - Reflections are published on Aruna and MPA websites.

Theme 1: မိသားစု / Family

  • မိသားစုဆိုတာ သင့်အတွက် ဘာအဓိပ္ပါယ်ဆောင်သလဲ? What does family mean to you?

 

  • မြန်မာပြည်က နေ့စဥ်မိသားစုဘဝဆိုတာ ဘယ်လိုမျိုးလဲ? What does the everyday life of a family look like in Myanmar?

 

  • မိသားစုဆိုတာ အရေးကြီးတဲ့ အရာတစ်ခုလား? ဒါမှမဟုတ် မရှိလည်း ဖြစ်တဲ့အရာမျိုးလား? Why is family important? Or is it?

BELLAY-546
54793N
BELLAY-606
BELLAY-1780
BELLAY-1004

Theme 2: အမျိုးသမီးသဘောသဘာဝ / Femininity

  • မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာ ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲ? What does it mean to be a woman in Myanmar?

  • အမျိုးသမီးဖြစ်ရခြင်း သဘောသဘာဝက အရင်ခေတ်နဲ့ အခုခေတ် ဘယ်လို ကွာခြားပြောင်းလဲ လာသလဲ? How has the meaning of femininity changed from the past to now?

 

  • အမျိုးသမီးဖြစ်ရခြင်း သဘောသဘာဝကို ဘယ်လို အဓိပ္ပါယ် ဖွင့်သလဲ? How do you define femininity?

MPA-3-2-45-7
MPA-2-1-7
MPA-3-2-6-little_boy-28
MPA-3-2-45-2
MPA-2-1-31

Theme 3: နိူင်ငံ / Nation

MPA-1-1--80
MPA_ASIA_STUDIO_-72
MPA_ASIA_STUDIO_-68
MPA_ASIA_STUDIO_-61
MPA_ASIA_STUDIO_-7
  • နိူင်ငံက သင့်ဘဝထဲမှာ ဘယ်လို ပေါ်ပေါက်လာသလဲ? How does the nation appear in your life?

  • နိူင်ငံတစ်နိူင်ငံကို ချစ်တယ်ဆိုတာ ဘာသဘောလဲ? What does it mean to love a nation?

 

  • နိူင်ငံတစ်နိူင်ငံရဲ့ အချစ်ခံရတာ ဘယ်လိုမျိုးလဲ? What does it mean to be loved by a nation?

bottom of page